Elite Rewards

Elite Rewards Terms and Conditions

Elite Rewards Application ကို အသုံးပြုသူများသည် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများနှင့် သက်မှတ်ချက်များကို လက်ခံသဘောတူသည်ဟု သတ်မှတ်ပါသည်။

1. စာရင်းပေးသွင်းခြင်း

  1. Elite Rewards App အား iOS နှင့် Android နှစ်မျိုးလုံးတွင် အသုံးပြုနိုင်ပြီး App store နှင့် Google play store တို့တွင် အလွယ်တကူ Download ပြုလုပ်နိုင်ပါသည်။
  2. စာရင်းပေးသွင်းရာတွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ် နှင့် မှတ်ပုံတင်ထားသော Mobile Sim နံပါတ်ကို ဖြည့်စွက်ရမှာဖြစ်ပါသည်။ ဤအချက်အလက်များကို တောင်းခံရခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့အနေနဲ့ လူကြီးမင်းတို့၏ အကောင့်အချက်အလက်များ ပျောက်ဆုံးခြင်း ဒါမှမဟုတ် အကောင့်ပိတ်လိုတဲ့အခါမျိုးမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ရန်အတွက် ဖြစ်ပါသည်။
  3. လူကြီးမင်း၏ Mobile Sim နံပါတ်အား မှန်ကန်စွာ ဖြည့်သွင်းပြီးပါက Password(လျှို့ဝှက်နံပါတ်)ကို သတ်မှတ်ခိုင်းမည် ဖြစ်ပါသည်။ လူကြီးမင်း၏ Password နံပါတ်ကို လျှို့ဝှက်ထားရန်မှာ လူကြီးမင်းမှာသာ တာဝန်ရှိပါသည်။
  4. လူကြီးမင်းအနေဖြင့် Mobile Sim ကတ်တစ်ခုကို အကောင့်တစ်ခုသာ ဖွင့်လို့ရမှာဖြစ်ပါသည်။
  5.  Account တစ်ခုမှ အခြား Account တစ်ခုသို့ Point Transfer ပြုလုပ်ပေးမည် မဟုတ်ပါ။

2. Point ရရှိခြင်း

  1. Elite Rewards Apps ကို အသုံးပြု၍ စက်သုံးဆီ ဖြည့်တင်းထားခဲ့သည့် Transaction များကို လည်းကောင်း၊ စက်သုံးဆီ ဖြည့်တင်းရာမှ ရရှိခဲ့သည့် ပွိုင့်များကို လည်းကောင်း စစ်ဆေးနိုင်မည် ဖြစ်ပါသည်။
  2. စက်သုံးဆီ ဝယ်ယူသည့် တန်ဖိုး၏ ( ၀.၅ ) ရာခိုင်နှုန်းအား Points အဖြစ်ပြန်လည်ရရှိမည် ဖြစ်ပြီး ( ၁ ) ပွိုင့်တန်ဖိုးမှာ မြန်မာငွေ ( ၁ ) ကျပ် ဖြစ်ပါသည်။
  3. Terminal စက်သုံးဆီအရောင်းဆိုင်များတွင် ဆီဖြည့်တင်းပြီးသည့် အခါ၌ Customer များအနေ ဖြင့် QR Code ပါသောအရောင်းပြေစာကို အရောင်းကောင်တာမှ ချက်ချင်းတောင်းယူရမည် ဖြစ်ပြီး ယင်းပြေစာ ပေါ်တွင် ပါရှိသည့် QR Code အား ဝယ်ယူသည့်နေ့မှ (၂) ရက်အတွင်း Scan ဖတ်၍ မိမိ Account အတွင်း သို့ Reward Points များစုဆောင်းမှု ပြုရမည် ဖြစ်သည်။ မိမိတို့ Elite Rewards System အရ အရောင်းကောင်တာမှ ပထမဉီးဆုံးထုတ်ယူသည့် အရောင်းပြေစာ (POS Slip) တွင်သာ QR Code များပါရှိ မည်ဖြစ်ပြီး နောက်တဖန်ပြန်လည်ထုတ်ယူသည့် ပြေစာ များ ၌ QR Code များမပါရှိနိုင်တော့ သည့် အတွက် အသုံးပြုသူ Customer များအနေဖြင့် နောက်တဖန်ပြန်လည်ထုတ်ယူသည့် အရောင်းပြေစာများအတွက် Rewards Point များ စု ဆောင်း နိုင်မည် မဟုတ် တော့ ပါ။ ထို့ပြင် သတ်မှတ်ရက် (၂) ရက်ကျော်လွန်သွားပါက ယင်းအရောင်းပြေစာ ပါ QR Code မှာ Expired ဖြစ်သွား မည် ဖြစ်သည့်အတွက် Rewards Point များ စုဆောင်း နိုင်မည် မဟုတ် တော့ ပါ။
  4. (၁) နှစ်အတွင်း စုဆောင်းထားသော Points များကို ပြန်လည် အသုံးပြုခြင်း မရှိသော Inactive Account များရှိ ရရှိ စုဆောင်းထားသော Points များသည် နောက်ဆုံးအသုံးပြုခဲ့သည့် နေ့မှ (၁) နှစ်ကြာသည့်အခါတွင် ပျက်ပြယ်သွားမည်ဖြစ်ပါသည်။
  5. Account အား (၃) နှစ်အတွင်း တစ်ကြိမ်မျှ အသုံးပြုမှုမရှိပါက အလိုအလျှောက်ပယ်ဖျက်သွားမည်ဖြစ်ပါသည်။
  6. ဆိုင်ကယ်တွင် အသုံးပြုရန်ဝယ်ယူသော Customer များ၊ ပုံး ၊ ပေပါဖြင့် ဝယ်ယူသော Customer များအနေဖြင့် ယခု Rewards Points စုဆောင်းခြင်းအစီအစဉ်တွင် ပါဝင်သေးမည် မဟုတ်ပါ။
  7. B2B Customer များအနေဖြင့် ယခု Rewards Points စုဆောင်းခြင်းအစီအစဉ်တွင် ပါဝင်သေးမည် မဟုတ်ပါ။

3. ရရှိထားသောအမှတ်များကိုပြန်လည်အသုံးပြုခြင်း

  1. Elite Rewards Point များကို Elite Rewards မှ သတ်မှတ်ထားသော Gift Voucher ပမာဏ များနှင့် လဲလှယ်ပြီး စက်သုံးဆီပြန်လည် ဖြည့်တင်းခြင်း (သို့) သတ်မှတ်ထားသော လက်ဆောင်ပစ္စည်းဖြင့် လဲလှယ်ခြင်း တို့ကိုပြုလုပ်နိုင်ပါသည် ။ သို့ရာတွင် ပွိုင့်များအား ငွေသားဖြင့် ပြန်လည်လဲလှယ်ခွင့် မရနိုင်ပါ ။
  2. Elite Rewards မှ စည်းမျဉ်းစည်းကမ်းနှင့် အကျိုးခံစားခွင့်များအား တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အားလုံးသော်လည်းကောင်း ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ အချိန်မရွေး ပြုပြင်ပြောင်းလဲနိုင်ပါသည်။
  3. Elite Rewards (Gold Link) အသုံးပြုသော Customer များသည် မိမိတို့ ရရှိထားသော Point များကို Redeem လုပ်ပြီး စက်သုံးဆီဖြင့် လဲလှယ်ခြင်း မပြုလုပ်ရသေးပါက Redeem လုပ်သည့်နေ့မှ စ၍ တစ်လကြာသည့် (၃၀ ရက်၊ ၃၁ ရက်) အခါ Reward Point Expire ဖြစ်သွားမည် ဖြစ်သည်။

4. Account ပျက်ခြင်း နှင့် ပြန်လည်လျှောက်ထားခြင်း

  1. Mobile Sim ကတ်ပျောက်ဆုံးခဲ့လျှင် Call Center သို့ချက်ချင်း ဖုန်းခေါ်ဆို၍ Apps အသုံးပြုမှုအား ယာယီပိတ်သိမ်းပေးရန် အကြောင်းကြားပေးရပါမည်။ သို့ရာတွင် Call Center မှ မေးမြန်းချက်များအား ကျေးဇူးပြု၍ မှန်ကန်စွာ ဖြေကြားပေးရန်လိုအပ်ပါသည်။
  2. ပျောက်ဆုံးသွားသော Mobile Sim ကတ်ပြန်လည်ရရှိအချိန်တွင် Call Center သို့ပြန်လည် အကြောင်းကြားပေးရမည်ဖြစ်ပြီး ယာယီပိတ်သိမ်းထားသော Account အား ပြန်လည် အသုံးပြုနိုင်ရန် ဖွင့်ပေးသွားပါမည် ဖြစ်ပါသည်။
  3. Call center မှ Mobile Sim ကတ်ပျောက်ဆုံးမှု သတင်းပေးပို့ချက်အား လက်ခံရရှိပြီး ကတ်အား ယာယီ မပိတ်သိမ်းမှီ အချိန်အတွင်း ဖြစ်ပေါ် လာသော ကိစ္စ အဝဝ သည် ကတ်ကိုင်ဆောင်သူ၏ တာဝန်သာဖြစ်ပါသည်။
  4. အကြောင်းမျိူးမျိူးကြောင့် လျှို့ဝှက်နံပါတ်ကို မေ့လျော့ခဲ့ပါက Forget Password ကို နှိပ်ပြီး လူကြီးမင်း၏ Mobile Sim နံပါတ်သို့ ပေးပို့မည့် Password Number ကို ပြန်လည်ရယူနိုင်မည် ဖြစ်ပါသည်။

5. Elite Rewards အသုံးပြုနိုင်ခြင်း

  1. Elite Rewards မှ အကောင်းဆုံးဝန်ဆောင်မှုများပေးအပ်ရန် ရည်ရွယ်ထားသော်လည်း Elite Rewards ၏ ဝန်ဆောင်မှုသည် လူကြီးမင်း၏ လိုအပ်ချက်များ နှင့် အပြည့်အဝ ကိုက်ညီလိမ့်မည် ဟု ကတိမပေးနိုင်ပါ။ Elite Rewards အနေဖြင့် အမှားအယွင်း ကင်းလိမ့်မည်ဟုလည်း အာမ မခံပါ။ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်ပေါ် ခဲ့ပါက Call center သို့ အချိန်မရွေး ဆက်သွယ်နိုင်ပြီး ကျွန်ုပ်တို့အနေဖြင့် လိုအပ်ချက်များကို အမြန်ဆုံး ဖြေရှင်း‌ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
  2. ပြင်ဆင်မှုများနှင့် လိုအပ်သည့် စက်ကိရိယာများ တပ်ဆင်မှုများအတွက် တစ်ခါတစ်ရံတွင် Elite Rewards အသုံးပြုမှုကို ယာယီ ရပ်ဆိုင်းထားခံရနိုင်ပါသည်။ ဤအစီအစဉ်များကို သုံးစွဲသူများအတွက် အဆင်မပြေမှုအနည်းဆုံး ဖြစ်မည့်အချိန်ကိုသာရွေးချယ်ပြီး ပြုလုပ်သွားမည့်အတွက် စိတ်ချစွာသုံးစွဲနိုင်ပါသည်။

6. အကောင့် ပိတ်သိမ်းခြင်း

  1. စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း။
  2. Elite Rewards Application အား အသုံးပြု၍ Point များအား လိမ်လည်ရယူခြင်း။
  3. Elite Rewards ၏ Point စုဆောင်းခြင်းအစီအစဉ်အား မရိုးသားသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနေသည်ဟု ယုံကြည်ရလောက်သည့် အကြောင်းပြချက်ရှိခြင်း။
  4. Elite Rewards ၏ Point စုဆောင်းခြင်းအစီအစဉ်အသုံးပြုရင်း တရားဥပဒေချိုးဖောက်ခြင်း၊ အကောင့်ပိတ်သိမ်းခံရပါက စုဆောင်းထားသော Point များနှင့် အကျိုးခံစားခွင့်များအား ဆက်လက်အသုံးပြုနိုင်ခွင့်ရရှိမည် မဟုတ်ပါ။
  5. Elite Rewards Terms and Conditions နှင့်ပတ်သတ်ပြီး အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ခဲ့ပါက Elite Rewards ၏ အဆုံးအဖြတ်သည် အတည်ဖြစ်သည်။

7. ဆက်သွယ်ရန်

သိရှိလိုသည့် အကြောင်းအရာများရှိပါက 09-883922220 သို့ ဆက်သွယ်နိုင်ပါသည်။

မှတ်ချက် ။   ။   ဇူလိုင် (၁)ရက် မတိုင်မီကာလများရှိ ဝယ်ယူ မှုများမှ စုဆောင်းထားသော Point များသည် စမ်းသပ်ကာလ Point များဖြစ်သောကြောင့် ထည့်သွင်းတွက်ချက်မည် မဟုတ်ပါကြောင်းနှင့် ဇူလိုင် (၁) ရက်နေ့နောက်ပိုင်း ဝယ်ယူမှုများမှ စုဆောင်းရရှိသည့် Point များကိုသာ တရားဝင်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Elite Rewards FAQs

1. Elite Rewards ဘယ်လိုအလုပ်လုပ်မှာလဲ။

  • စက်သုံးဆီ ဝယ်ယူသည့် ငွေပမာဏများလေလူကြီးမင်းတို့၏ (Points) ဆုလာဘ်များများရလေဖြစ်ပါသည်။ လူကြီးမင်းတို့၏ ကတ်သည် စက်သုံးဆီ ဝယ်သည့်အခါတိုင်း လူကြီးမင်းအား ဆုလာဘ်များရရှိစေပြီး ၎င်းသည် အခမဲ့ဖြစ်ပါသည်။ “Terminal Petrol Stations များတွင်သာ လူကြီးမင်းတို့၏ စက်သုံးဆီ ဝယ်သည့်နေရာကို ရွေးချယ်ပါ”

2. Point များကို ဘယ်လိုရယူရမလဲ။

  • လူကြီးမင်းတို့၏ အသုံးပြုသည့် မြန်မာကျပ်ငွေတိုင်းအတွက် ဆုလက်ဆောင်များ ရရှိမည်ဖြစ်ပါသည်။ စက်သုံးဆီ ဝယ်သည့် အခါတိုင်း QR Scan ဖတ်ခြင်းဖြင့် အမှတ်များကို အလိုအလျောက် ပေါင်းသွားပါမည်။ လက်ရှိဆုလက်ကျန်အတွက် လူကြီးမင်းတို့၏ Application တွင် စစ်ဆေးပေးပါ။

3. ကျွန်ုပ်တို့၏ ဖုန်းနံပါတ်ကို ဘာလို့တောင်းတာလဲ။

  • လူကြီးမင်းတို့၏ ဆုလာဘ်အကောင့်နှင့် ပတ်သက်၍ မေးစရာရှိလာပါက လူကြီးမင်းတို့၏ထံ ဆက်သွယ်ရန် လိုအပ်လို့ တောင်းခံရခြင်း ဖြစ်ပါသည်။

4. ကျွန်ုပ်၏ Application ၏ စကားဝှက်ကို မေ့သွားပါက ဘာဖြစ်နိုင်မလဲ။

  • အကြောင်းမျိူးမျိူးကြောင့် လျှို့ဝှက်နံပါတ်ကို မေ့လျော့ခဲ့ပါက Forget Password ကို နှိပ်ပြီး လူကြီးမင်း၏ Mobile Sim နံပါတ်သို့ ပေးပို့မည့် Password Number ကို ပြန်လည်ရယူနိုင်မည် ဖြစ်ပါသည်။

5. ကျွန်ုပ်၏ အမှတ်လက်ကျန်ကို မည်သို့ စစ်ဆေးရမလဲ။

  • လူကြီးမင်း၏ Registration လုပ်ထားသော Elite Rewards Application တွင် စစ်ဆေးနိုင်ပါသည်။

6. ကျွန်ုပ်၏ Point များကို ဘယ်လို ပြန်လည် အသုံးပြုရမလဲ။

  • Elite Rewards Point များကို Elite Rewards မှ သတ်မှတ်ထားသော Gift Voucher ပမာဏ များနှင့် လဲလှယ်ပြီး စက်သုံးဆီပြန်လည် ဖြည့်တင်းခြင်း (သို့) သတ်မှတ်ထားသော လက်ဆောင်ပစ္စည်းဖြင့် လဲလှယ်ခြင်း တို့ကိုပြုလုပ်နိုင်ပါသည် ။ သို့ရာတွင် ပွိုင့်များအား ငွေသားဖြင့် ပြန်လည်လဲလှယ်ခွင့် မရနိုင်ပါ ။

7. ကျွန်ုပ်၏ Mobile Sim ကတ်ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။

  • Mobile Sim ကတ်ပျောက်ဆုံးခဲ့လျှင် Call Center သို့ချက်ချင်း ဖုန်းခေါ်ဆို၍ Apps အသုံးပြုမှုအား ယာယီပိတ်သိမ်းပေးရန် အကြောင်းကြားပေးရပါမည်။ သို့ရာတွင် Call Center မှ မေးမြန်းချက်များအား ကျေးဇူးပြု၍ မှန်ကန်စွာ ဖြေကြားပေးရန်လိုအပ်ပါသည်။

8. ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရောင်းချနိုင်လား။

  • လူကြီးမင်းတို့၏ အချက်အလက်များကို ယုံကြည်ရတဲ့မိတ်ဖက်များနှင့်သာ ဝေမျှသွားမှာဖြစ်ပြီး သူတို့သည်လည်း လူကြီးမင်းတို့၏ အချက်အလက်များကို ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် မျှဝေခြင်းတို့ကို မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပါ။

9. အချိန်ကန့်သတ်ထားတဲ့ ပရိုမိုးရှင်းတစ်ခုလား။

  • ကန့်သတ်အချိန် သို့မဟုတ် ယာယီပရိုမိုးရှင်းမဟုတ်ပါ။ ဤအစီအစဉ်သည် ကျွန်ုပ်တို့၏ Customer များအတွက် ပြုလုပ်ပေးသော Loyalty Program ဖြစ်ပါသည်။

10. တူညီသောစက်သုံးဆီ ပြေစာ ကို တစ်ကြိမ်ထက်ပို၍ သုံးနိုင်ပါသလား။

  • ကူပွန်ကို အသုံးပြုပြီးသည်နှင့်၊ Point စုခြင်းအတွက် ပြုလုပ်လို့ရမည် မဟုတ်ပါ။

11. Elite Rewards ကို မသုံးတော့ဘူးဆို ဘာဖြစ်မလဲ။

  • (၁) နှစ်အတွင်း Point စုခြင်း နှင့် ရရှိသော Point များကို ပြန်လည် အသုံးပြုခြင်း မရှိသော Inactive Account များရှိ ရရှိ စုဆောင်းထားသော Point များသည် နောက်ဆုံးအသုံးပြုခဲ့သည့် နေ့မှ (၁) နှစ်ကြာသည့်အခါတွင် ပျက်ပြယ်သွားမည်ဖြစ်ပါသည်။

12. Elite Rewards အစီအစဉ်ကို မသုံးချင်တော့ရင် ဘယ်လိုလုပ်ရမလဲ။

  • Elite Rewards အစီအစဉ်ကို သင့်အတွက် ရေရှည် အသုံးပြုနိုင်ပြီး ပျော်ရွှင်စေအောင် ရည်မှန်းထားသော်လည်း Elite Rewards အစီအစဉ်ကို ဆက်လက်အသုံးမပြုချင်တော့ပါက အချိန်မရွေး အကောင့်ကို ပယ်ဖျက်နိုင်ပါသည်။ Elite Rewards Call center ဌာန ဖုန်းနံပါတ် 09-883922220 ဆက်သွယ်နိုင်ပါသည်။

13. Point များနှင့် ဆုလက်ဆောင်များ အမှတ်တွေကို ငွေသားနဲ့လဲလို့ရလား။

  • Point များနှင့် ဆုလက်ဆောင်များ အမှတ်တွေကို ငွေသားနဲ့လဲလို့ မရနိုင်ပါ။

14. မိမိ၏ Point နဲ့ တခြားသူရဲ့ Point ကို ပေါင်းပြီး အကျိုးခံစားခွင့် ရနိုင်လား။

  • အမှတ်တွေကို ပေါင်းပြီး အကျိုးခံစား လို့မရပါဘူး။ မိမိ၏ Pointမှာ မိမိတစ်ဦးတည်းအတွက်ဖြစ်ပါသည်။

15. Point ၁ Point ရဖို့ ဘယ်နှစ်ကျပ်သုံးရမလဲ။

  • ( ၁ ) ပွိုင့်တန်ဖိုးမှာ မြန်မာငွေ ( ၁ ) ကျပ် ဖြစ်ပါသည်။ အဆိုပါ (၁) ပွိုင့်ရဖို့အတွက် ငွေ (၂၀၀) ကျပ် အသုံးပြုရမည်ဖြစ်ပါသည်။ (၀.၅ %) ၁၀၀၀ ကျပ်လျှင် ၅ points ရရှိပါမည်။

16. သုံးပြီးသား Point များအတွက် ပြန်အမ်းငွေကို ရနိုင်မလား။

  • မရနိုင်ပါ။

17. Point များကို ဘယ်အချိန်အထိသုံးလို့ရပါသလဲ။

  • Account Active ဖြစ်နေသမျှ ကာလပတ်လုံး Point များကို အသုံးပြုနိုင်ပါသည်။

18. QR Code ကို ဘယ်လိုသုံးရလဲ။

  • ငွေရပြေစာပေါ်တွင် ပါရှိသည့် QR Code အားပြေစာရရှိသည့် နေ့မှ (၂) ရက်အတွင်း Scan ဖတ်ပြီး မိမိ Account အတွင်းသို့ Rewards Points များစုဆောင်းမှု ပြုရမည်ဖြစ်သည်။ သတ်မှတ်ရက် (၂) ရက်ကျော်လွန်သွားပါက ယင်း QR Code Expired ဖြစ်သွားမည် ဖြစ်သည့်အတွက် Rewards Points များ စုဆောင်းနိုင်မည် မဟုတ်ပါ။

19. အကောင့်တစ်ခုကို လူဘယ်နှစ်ယောက်သုံးလို့ရလဲ။

  • လူတစ်ယောက် အကောင့်တစ်ခုပဲ ဖွင့်လို့ရပါတယ်။

20. Elite Rewards App ပြုလုပ်ဖို့ ဘာတွေလိုအပ်လဲ။

  • နိုင်ငံသားစီစစ်ရေးကတ်အမှတ် နှင့် မှတ်ပုံတင်ထားသော Mobile Sim နံပါတ်တို့ လိုအပ်ပါသည်။

21. App ကို install လုပ်လို့မရဘူး။

  • App ကို Android 5.1 / iOS 11 နှင့်အထက်ပဲ သုံးလို့ရပါသည်။